Friday, February 04, 2011

ကွန်ပျူတာပေါ်က မြန်မာဘာသာ ပီပီပြင်ပြင် ဖြစ်စေရန်

ကွန်ပျူတာပေါ်က မြန်မာဘာသာ ပီပီပြင်ပြင် ဖြစ်စေရန်
• Posted by ranka on February 2, 2011 at 1:13am
• View ranka's blog
မြန်မာဘာသာ ယူနီကုဒ် ကို အရှိန်အဟုန်နဲ့ ပြောင်းသုံးကြတာ အခု အတော်
ခရီးပေါက်နေကြပါပြီ။ သို့ပေမယ့် ဆင်တူရိုးမှား အက္ခရာ တွေကို မှားပြီး
ရေးမိတတ်ကြပါတယ်။ အခုဖေါ်ပြမယ် အက္ခရာတွေဟာ စာလုံးပေါင်း
ဆင်တူရိုးမှားဖြစ်နေပေမယ့် မတူညီကြပါဘူး။ Myanmar3 လက်ကွက်နဲ့ပဲ
အခြေခံပြီး ပြရရင်..
၁။ ၀ သုည နှင့် ဝ ဝလုံး မတူပါဘူး ( ဝလုံးက Key W မှာရှိပါတယ်) ။
၂။ စျ စလုံး ယပင့် နှင့် ဈ ဇမြင့်ဆွဲ မတူပါ ( Key Q မှာရှိပါတယ်)။ အခြေဝိုင်းပါတယ်။
၃။ ဥ (အု) နှင့် ဉ ( ညလေး) ( Key N မှာရှိပါတယ်) "စဉ်" ရေးရင်
ညလေးခြေထောက် နဲ့နဲ့ပိုရှည်ပါတယ်။
၄။ ဌ ထဝမ်းဘဲ နှင့် ဋ္ဌ လည်ရစ်ပါတာက ဋ ္ ဌ အက္ခရာ ၂လုံးဆင့်ထားတာပါ။
ဥက္ကဋ္ဌ ရေးရင် လည်ရစ်ပေါ်အောင် ဋ ္ ဌ ဒီ၂ခုကို ဆင့်ရေးရပါတယ်။ (
ဖြည့်ပြရရင် ဥက်ကဋ်ဌ )
၅။ သြ သ ရရစ် နှင့် ဩ မတူပါ ( Key ] မှာရှိပါတယ်) ရရစ်က ခြေအမြီး
ပိုရှည်ပြီး ဩ မှာက တိုထားတယ် သ အောက်ရောက်နေပါတယ်။
http://www.myanmaritpro.com/profiles/blogs/1445004:BlogPost:236141


--
...
...
.......................................
kyawzwathant@gmail.com

5c151ded9d436d83dcca631251fb90dd

No comments:

Post a Comment