Friday, November 11, 2011
TharLon OS
သာလွန်ဆိုတာဘာလဲ
သာလွန်ဆိုတာ မြန်မာ့သမိုင်းထဲက standardization ကို နားလည် တန်ဘိုးထားတဲ့ မြန်မာဘုရင် သာလွန်မင်းကြီးရဲ့ အမည်ကို ယူထားတာပါ။ သာလွန်ဆိုတာ မြန်မာလိုအသုံးပြုနိုင်တဲ့ Operating System တစ်ခုဖြစ်ပါတယ်။ သာလွန် OS မှာ ပါဝင်တဲ့ application တွေဟာ မြန်မာလိုမြင်ရအောင် Myanmar L10nteam မှ ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ Download ရယူသုံးစွဲနိုင်ပါတယ်။
သာလွန်OS ပုဂံဗားရှင်းအတွက် ပါဝင်ကူညီရန် ဖိတ်ခေါ်
ကွန်ပြူတာ စနစ်အား မြန်မာ ဘာသာဖြင့် အသုံးပြုနိုင်မည့် စနစ်တစ်ရပ် ဖြစ်သော သာလွန် OS မြန်မာ 1.0 ဗားရှင်းကို ၂၀၁၁ နိုဝင်ဘာလ ၁၁ရက် (၁၁-၁၁-၁၁) နေ့ယနေ့ ထုတ်ဝေ သည်။ ယခုထွက်ရှိသည့်သာလွန် OS 1.0 ဗားရှင်းကို code name ပျူ ဟု အမည် ပေးထားပြီး နောင်ထုတ်ဝေမည့် အမည်များကို မြန်မာနိုင်ငံတော်၏ ခေတ်အလိုက် အမည်များဖြင့် သုံးစွဲသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် နောင်ထွက်မည့် ဗားရှင်းသည် ပုဂံဗားရှင်းဟု အမည် ပေးမည် ဖြစ်ကြောင်းသိရှိရသည်။
ယခုထုတ်ဝေသော ပျူဗားရှင်းကို ပြည်တွင်းပြည်ပရှိ ပညာရှင်များ၊ ကွန်ပြူတာ ပညာရပ်အား လေ့လာလိုက်စားနေသူ လူငယ် စေတနာ့ဝန်ထမ်းအများစုမှ ကြိုးပမ်းအားထုတ် ထားခြင်း ဖြစ်ပြီး အတတ်နိုင်ဆုံး မြန်မာလူမျိုးများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား စကားလုံး အသုံးနှုန်းများဖြင့် မြန်မာမှု ပြု ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ သို့သော် အချို့သော ဆော့ဖ်ဝဲများတွင် ပါရှိသော အသုံးအနှုန်းများ၌ အားနည်းချက်များ၊ အနည်းငယ် အဆင်မပြေမှုများ ရှိနိုင်ပါသေးသည်။ ထို့ကြောင့် လိုအပ်ချက်များ၊ အားနည်းချက်များကို အပြုသဘောဆန်စွာ ဝေဖန် ထောက်ပြ ပြောဆိုပေးမည် ဆိုပါက ဝမ်းမြောက်စွာ ကြိုဆိုလျှက်ရှိပါသည်။ ထို့အတူ နောင်တွင် ထွက်ရှိမည့် ဗားရှင်းများတွင် ပါဝင်ကူညီ တည်းဖြတ်ပေးလိုသော စေတနာ့ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါသည်။ သို့ပါ၍ စိတ်ပါဝင်စားသူများ အနေဖြင့် MyanmarL10n Team ၏ Facebook စာမျက်နှာ နှင့် Tharlon OS ဝက်ဆိုက်များမှ တဆင့် ဆက်သွယ်နိုင်ပါသည်။
TharLon OS Home >>> http://www.tharlon.org/
download link >>> http://www.tharlon.org/?cat=6
...
...
.......................................
kyawzwathant@gmail.com
5c151ded9d436d83dcca631251fb90dd
Subscribe to:
Posts (Atom)